#တောင်ကုတ်မြို့ သောက်သုံးရေ ဖူလုံရေး#
တောင်ကုတ်မြို့ လူထု
သောက်သုံးရေ ဖူလုံရေး အတွက်
တောင်ကုတ် ကော်လိပ်အနီး
သရက်ဆည်တောင် လျို တွင်
တာဝန်ယူ တည်ဆောက်လျက်ရှိသော
" ဂရုဏာ ကောင်းကင် " တစ်ဖက်ပိတ်
ရေလှောင်တမံကို ဦးကျောက်တောင်မှ
ဦးစီး၍ တည်ဆောက်လျက် ရှိပါသည်။
.
၎င်း " ဂရုဏာ ကောင်းကင် " တစ်ဖက်ပိတ်
ရေလှောင်တမံသည်
ဂါလန် သန်း ၄၀၀ ကျော် သိုလှောင်နိုင်မည်
ဖြစ်ပြီး
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ၏
ဘတ်ဂျက်ဖြင့်
တည်ဆောက်ပါသည်။
.
ရေလှောင်တမံ၏ ဒီဇိုင်းပုံ ၊ မြေသားစမ်းသပ်ခြင်း၊
များကို ဆည်မြောင်းဦးစီးဌာန နေပြည်တော်မှ
ကြီးကြပ်၍
ခရိုင် ဆည်မြောင်း အင်ဂျင်နီယာ၏
အနီးကပ် ကြီးကြပ်မှုဖြင့်
တည်ဆောက်လျက်ရှိပါသည်။
.
ဘတ်ဂျက် ကာလအတွင်း
အပြီးသတ် တည်ဆောက်၍
မြို့ပေါ်သို့ ရေ ဖူလုံစွာ ပေးနိုင်ရေး
စွမ်းစွမ်းတမံ ကြိုးစားတည်ဆောက်လျက်
ရှိပါသည်။
No comments:
Post a Comment